viber မှာမြန်မာစာမှန်အောင်လုပ်မယ်
ဖုန်းကို မြန်မာစာစံစနစ် unicode ပြောင်းလိုက်ချိန်မှာ စာဖတ်မရတော့တဲ့ အပိုင်းတွေ အနည်းငယ်ရှိလာပါတယ်
zawdecode |
ဥပမာပေးပါဆိုရင်
- ကိုယ့်မိတ်ဆွေက ယူနီကုဒ်စနစ်မပြောင်းသေးရင်
- မိုဘိုင်းလ်အော်ပရေတာတွေက ယူနီကုဒ်စနစ်မပြောင်းသေးရင်
- ကိုယ့်အသိုင်းအဝိုင်း(ရုံး၊ ဌာန)တွေက ယူနီကုဒ်ကိုမပြောင်းသေးရင်
- နောက်ဆုံးကိုယ့်မိသားစုက မပြောင်းသေးရင်
ဘယ်လိုမျိုး ကြုံရလဲ
- အော်ပရေတာတွေက ပို့တဲ့စာတွေ ဖတ်မရခြင်း
- messaging platform app တွေမှာ ကောင်းစွာအလုပ်မလုပ်နိုင်ခြင်း
ဒါပေမယ့် viber တို့ wechat တို့မှာ အခက်တွေ့နိုင်ပါတယ်
- Ffacebook က auto convert ကိုထောက်ပံ့ပေးထားလို့ messenger ရောအဆင်ပြေ
ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာကို ကြည့်လိုက်ရအောင်
zawdecode ကို အစားထိုးသုံးထားလို့ရပါတယ်
အားလုံး ယူနီကုဒ်ကိုပြောင်းလိုက်ပြီဆို ကိုယ်လဲ လိုက်ပြောင်းလိုက်ပါ
(လွတ်လပ်စွာ သဘောထားကွဲလွဲပါ)
zawdecode ကို ဒီမှာဒေါင်းလိုက်ပါ
Zfont App ကို ဒီမှာဒေါင်းပါ
- Zfont App ကိုဖွင့်ပါ
- Font ဆိုတဲ့နေရာမှာ Local ကိုရွေးလိုက်ပါ
- အောက်ဆုံးက Folder ပုံလေးကို ရွေးပါ
- Download ကိုရွေးပါ
- Zawdecode ကိုရွေးပါ
- Set ကိုနှိပ်ပါ
- ဖုန်းအမျိုးအစားကိုရွေးပါ
- ok ပေးလိုက်ပါ
- restart ချလိုက်တာနဲ့ အသုံးပြုနိုင်ပါပြီ
တစ်ခုသိထားစေချင်တာကတော့ ရာနှုန်းပြည့်မမှန်ပါဘူးဆိုတာကိုပါ
ဒါကိုတော့ ချွင်းချက်အနေနဲ့ နားလည်ပေးစေလိုပါတယ်
ဗီဒီယိုကို ကြည့်ပြီးလဲ လုပ်ဆောင်နိုင်ပါတယ်
Comments
Post a Comment