ဖုန်းကို ယူနီကုဒ်ပြောင်းနည်း

ဖုန်းကိုယူနီကုဒ်ပြောင်းနည်း


ဖုန်းမှာသုံးတဲ့ဖောင့်ကို ယူနီကုဒ်စနစ်ပြောင်းဖို့ ခက်ခဲလှတယ်တော့မဟုတ်ပါ

ဒီဆောင်းပါးလေးမှာတော့

  • Android နဲ့
  • iphone တွေပြောင်းနည်းကို ပြပေးသွားမှာပါ


Android မှာအရင်ဆုံးပြောင်းပုံကိုကြည့်ရအောင်

  • ဖုန်းစနစ်ကို ယူနီကုဒ်ပြောင်းရပါမယ်


Setting > Display > System Font > Default ပေးလိုက်ရင်ရပါပြီ

အခုဆို System Font ကို ယူနီကုဒ်ဖောင့် ပြောင်းလို့ပြီးပါပြီ

  • အခုထပ်လုပ်ရမှာက ကိုယ်ရိုက်တဲ့ Keyboard ကို ပြောင်းဖို့ပဲဖြစ်ပါတယ်

G Board ကိုအရင်ဆုံးဒေါင်းလုပ် ပြုလုပ်ပါ

  • App ရဲ့အပေါ်ဆုံး Language ကိုနှိပ်ပါ keyboard ထည့်သွင်းရပါမယ်
  • add Keyboard ကိုနှိပ်ပါ
  • Burmese ကိုရွေးပါ
  • Done ကိုနှိပ်ပါ

အခုဆို ကီးဘုတ်ကိုလဲ ထည့်သွင်းပြီးပါပြီ


  • စနစ်ကိုလဲ ပြောင်းပြီးပြီ
  • ကီးဘုတ် (စာရိုက်စနစ်)ကိုလဲပြောင်းပြီးပြီ

ဆိုတော့ ကီးဘုတ်ကို ဖုန်းစနစ်က သိအောင်ရွေးချယ်ပေးလိုက်ရင် ပြီးပါပြီ


  • မိမိနှစ်သက်တဲ့နေရာမှာ စာရိုက်ဖို့ Cousor ချလိုက်ပါ 
  • ဥပမာ - ကီးဘုတ်လေးပေါ်လာပါလိမ့်မယ်
  • အပေါ်က noti ဘားလေးကို ဆွဲချလိုက်ပါ
  • Change Keyboard ကို နှိပ်ပြီး အခုနက သွင်းထားတဲ့ Gboard ကိုရွေးလိုက်ပါ

ဒါဆို အခုမိုဘိုင်းဖုန်းအတွက် ယူနီကုဒ်ပြောင်းလဲတာ အောင်မြင်ပါပြီ
စတင်အသုံးပြုလို့ရပါပြီ

အဆင်ပြေကြပါစေ

iphone တွေမှာ ဘယ်လိုချိန်းလဲဆိုတာကို ဆက်ပြောပြပါမယ်

Android သမားတွေက ဆက်မဖတ်လဲ ရပါပြီ

iphone ကတော့ရှင်းပါတယ် profile ပြောင်းလိုက်တာနဲ့ အလုပ်ဖြစ်ပါတယ်

ကဲ.. အတူတူ တစ်ခါတည်း လိုက်လုပ်ကြည့်လိုက်ပါ

ဖုန်းစနစ်ကို ယူနီကုဒ်ပြောင်းပါမယ်


  • Setting
  • General
  • Profile
  • zawgyi.ttf ကို remove လုပ်ပါ
  • my Font ကိုဖွင့်ပါ
  • unicode ဖောင့်တစ်မျိုးကိုရွေးပါ
  • install လုပ်ပါ
  • password တောင်းရင် ထည့်သွင်းပြီး ဆက်လုပ်ပါ
  • အခုဆိုရင် ဖုန်းစနစ်ကို unicode ထည့်သွင်းလိုက်ပါပြီ

ကီးဘုတ်ကို ပြောင်းမယ်



ကီးဘုတ်က နဂိုပါပြီးသားကိုပဲ unicode လေးထပ်ရွေးထည့်ပေးလိုက်ပါ keyboard မှာပဲ ရွေးလိုက်ပါ
Spacebar လေးကို swipe  လုပ်ပြီးပြောင်းနိုင်ပါတယ်

အဆင်ပြေကြပါစေ




Comments