Link Shorteners

လူကြိုက်များသော လင့်ခ်အတိုလုပ်သည့် ဝက်ဆိုဒ်များ


သင့်အတွက်အထောက်အကူဖြစ်စေမည့် လင့်ခ်အတိုလုပ်သည့် ဝက်ဆိုဒ် ၇ ခုကိုရွေးချယ်စုစည်းရေးသားလိုက်ပါတယ်

လင့်ခ်အတိုလုပ်တာ ဘာလဲ

လင့်ခ်အတိုလုပ်တာဆိုတာက ကိုယ်ယူလိုက်တဲ့ လင့်ခ်အခုက အရှည်ကြီးဖြစ်နေရင် ကြည့်သူအတွက်လဲ စိတ်ရှုပ်ထွေးသလို ကိုယ်ရေးတဲ့ အကြောင်းအရာကိုလဲ အနှောင့်အယှက်များစွာဖြစ်စေပါတယ်
ဒါကြောင့် လင့်ခ်ကို ချုပ်လိုက်တာကိုကြတာပါ။ ဒါကို လင့်ခ်အတိုလုပ်တယ်လို သုံးနှုန်းကြပါတယ်။

ဘာအကျိုးကျေးဇူးတွေရမလဲ

လင့်အတိုလုပ်လိုက်ခြင်း ပထမဆုံးအကျိုးကျေးဇူးကတော့ နေရာအလွတ်အများကြီးပေးစရာမလိုတော့တာပါ
အခုဆိုရင် စာလုံးရေ ၂၈၀ ကျော်ကိုတောင် လင့်ခ်အတိုလုပ်ဖို့ခွင့်ပြုထားတာဆိုတော့ ပိုအဆင်ပြေပါတယ်
ကျူအာကုဒ်တစ်ခုကို ဖန်တီးတော့မယ်ဆိုရင်လဲ လင့်ခ်အတိုလုပ်ထားတဲ့အတွက်ကြောင့် ကျူအာကုဒ်က သပ်သပ်ရပ်ရပ်လေးထွက်လာမှာပါ.. အများကြီးရှိပါသေးတယ်အကျိုးကျေးဇူးကတော့ ကိုယ်သုံးတဲ့အပေါ်မူတည်ပါလိမ့်မယ်

ဒါဆို လင့်ခ်အတိုလုပ် ဝက်ဆိုဒ် ၇ ခုကို ဖော်ပြပေးပါမယ်

၁.

BITLY


ဒီလင့်ခ်အတိုလုပ်တဲ့ ဝက်ဆိုဒ်ကို အင်တာနက်အသုံးပြုသူအများစုက သဘောကျပြီး ကြိုက်နှစ်သက်ကြပါတယ်။
McDonald’s, Dunkin’ Donuts and GE တို့လို ကုမ္ပဏီတွေကလဲ သူ့ကို အသုံးပြုကြပါတယ်။ အကောင့်ကို Gmail account, Facebook or Twitter တို့နဲ့ အခမဲ့လျှောက်ခွင့်လဲ ပြုထားပါသေးတယ်။ အသေးစိတ် ဝန်ဆောင်မှုရချင်ရင်တောင် သူတို့နဲ့ချိတ်ဆက်နိုင်ပါတယ်။ 

၂. 

GOO.GL

ဂူဂယ်ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ဝန်ဆောင်မှုတစ်ခုဖြစ်ပြီး အသုံးပြုရတာ အလွန်အဆင်ပြေပါတယ်။ ခြေရာခံစနစ်နဲ့ ဒေတာတွေကိုလဲ ကောက်ယူနိုင်တဲ့ ဝန်ဆောင်မှုလဲ ရှိနေပါသေးတယ်။ ဒါပေမယ့် ဝမ်းနည်းစရာကောင်းတဲ့ သတင်းကလည်း ရှိနေပါသေးတယ်။ ဂူဂယ်က ၎င်းရဲ့ ဝန်ဆောင်မှုတွေကို ၂၀၁၉ မတ်လမှာ ပိတ်သိမ်းလိုက်ပြီပဲဖြစ်ပါတယ်။ သို့ပေမယ့် ရှိပြီးသားလင့်ခ်များကတော့ အလုပ်လုပ်နေဦးမှာပဲဖြစ်ပါတယ်။

၃. 

TINYURL.COM

လူကြိုက်များတဲ့ လင့်ခ်အတိုလုပ်တဲ့ ဝက်ဆိုဒ်တစ်ခုဖြစ်ပါတယ်။ မိမိအမည် ကုမ္ပဏီအမည်ကို အသုံးပြုနိုင်တာကလဲ အသုံးတည့်တဲ့ အချက်တစ်ချက်ဖြစ်ပါလိမ့်မယ်။ သူက ဘယ်တော့မှ ဒိတ်ကုန်မှာမကြောက်ရတဲ့ ဝန်ဆောင်မှုမျိုးကိုလဲ ပေးနိုင်တဲ့ လင့်ခ်အတိုလုပ် ဝက်ဆိုဒ်တစ်ခုလဲ ဖြစ်ပါသေးတယ်။

၄. 

OW.LY

လစဉ်ကြေးလေးနဲ့ပေးသုံးရတဲ့ ဝန်ဆောင်မှုပေးပါတယ်။ သူကတော့ တော်တော်ကောင်းပြီး လူကြိုက်လဲများပါတယ်။ ပေးရတဲ့ လစဉ်ကြေးနဲ့ ပြန်ရတဲ့ ဝန်ဆောင်မှုကတော့ တော်တော်တန်ပါတယ်။

၅. 

IS.GD

တော်တော်မြန်ပြီး လူကြိုက်များကြတဲ့ တူးလ်တစ်ခုပါ။ ကြော်ငြာတို့အတွက်အသုံးများကြပြီး ကျူအာကုဒ်ကိုပါ တစ်ပါတည်းဖန်တီးလို့ရပါတယ်။ သူကလဲ ကိုယ်ပိုင်အမည်အသုံးပြုနိုင်မှာပဲဖြစ်ပါတယ်။

၆. 

BUFF.LY

အခုဖော်ပြမယ့် တူးလ်ကတော့ လူသိများပြီးလူကြိုက်လဲအင်မတန်များပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ နိစ္စဒူဝအလုပ်လုပ်နေရသူများအဖို့ အကျွမ်းတဝင်ဖြစ်ပြီးသားလဲ ဖြစ်ပါတယ်။ အခမဲ့အကောင့်လဲ အသုံးပြုနိုင်သလို လစဉ်ကြေးပေးပြီးလဲ အသုံးပြုနိုင်ပါတယ်။ 

၇. 

ADF.LY

ဘလော့တွေအပေါ်မှာတော့ တော်တော်လွှမ်းမိုးနိုင်တဲ့ တူးလ်တစ်ခုဖြစ်ပါတယ်။ တော်တော်လဲ အသုံးဝင်ပြီး လူသိများကြော်ကြားလှပါတယ်။ အခမဲ့အသုံးပြုနိုင်မှာဖြစ်ပြီး တူးလ်မှာပါတဲ့ ကြော်ငြာများကိုတော့ ကြည့်ရှုပေးရမှာဖြစ်ပါတယ်။







Comments