နံနက်ခင်းနဲ့ အိမ်ပိုင်ရှင်

unlucky moring 21.9.19

တံခါးပေါက်ကို "တဒုန်းဒုန်း"ထုရိုက်နေသည့် အသံကို နားမှမခံသာအောင် ကြားနေရပြီးနောက်

ဖုန်းမှာလဲ အဝင်ဖုန်းခေါ်နေတာကိုမြင်နေရသည်။ စိတ်ပျက်မိသည်ကို ဝန်ခံချင်မိပါပြီ။

Friday ညဘက်တွေဆို အိပ်ယာဝင်နောက်ကျတတ်သည့် ကိုယ့်အတွက် မနက်၅ ခွဲ  ၆ နာရီလောက်မှာ

အခုလို ဆူညံသံနဲ့ force wake up လုပ်တာမျိုးတွေက ကိုယ့်အတွက် ဘယ်လိုမှ အဆင်မပြေလှပါ။



အရင်တစ်ကြိမ်လဲ လာဖူးပါသည်။ အိမ်ပိုင်ရှင်လေ ဖုန်းခေါ်မရလို့ဆိုပြီး ဒီလိုအချိန်မျိုးကိုပဲ အစောကြီးရောက်ချလာတာ။ အခုလဲ ဘယ်သူပါလိမ့်။ ဘယ်လိုမှ မထနိုင်တာကြောင့် အမျိုးသမီးကိုပဲ "ဘယ်သူလဲ သွားကြည့်ပါဦး"ဆိုတော့ အမျိုးသမီးက "အိမ်ပိုင်ရှင်ပါ"တဲ့။ "အို.......... အန်တီရယ် ဒီအချိန်ကြီးကိုဗျာ... "ဟု စိတ်ထဲကပင် ရေရွတ်မိသည်။



ဘယ်တတ်နိုင်မလဲ ထရတော့မှာပေါ့လေ။ မထချင် ထချင်နဲ့ ထလိုက်ပြီး။ အောက်ခံဘောင်းဘီအတိုလေးကို ကာကွယ်ဖို့ ပုဆိုးတစ်ထည်က တန်းပေါ်က လှမ်းယူလိုက်ပါပြီး ကာကွယ်လိုက်ပါတယ်။ စိတ်ထဲမှာတော့ "အန်တီရယ် ဘာလို့ ဒီအချိန်ကြီးကို"ဟုသာ ရေရွတ်နေမိသည်။



ပင်မတံခါးကြီးကိုဖွင့်ပြီး သံပန်းတံခါးကနေလှမ်းမြင်လိုက်ရသည်မှာ အိမ်ပိုင်ရှင်အစစ်အမှန်မို့ အိမ်မက်မဟုတ်တာတော့ ပိုသေချာသွားပြီဖြစ်သည်။ "အန်တီအစောကြီးပါလား"လို့ ကျွန်တော်က မေးလိုက်တော့

"နည်းနည်းလေးနောက်ကျသွားရင် မင်းတို့မရှိမှာစိုးလို့"တဲ့။ အေးပေါ့လေ။ သူ့ဘက်က ကြည့်ရင်လဲ မှန်မပေါ့။

ဒါနဲ့ ဘာကိစ္စလဲလို့ပင် မမေးရသေး။ သူစပြောတာက "အိမ်သော့လေးတွေတွေ့လို့တဲ့ ဘယ်သော့နဲ့ကိုက်မလဲ စမ်းကြည့်ပါဦးဆိုတော့" ကိုယ့်မှာ ဘယ်လိုပြောရမလဲမသိ။ ခေါင်းတော့ စကိုက်နေပြီ။ ညဘက်ကို ၄ နာရီမှာအိပ်တတ်ပြီး မနက် နည်းနည်းလေးနောက်ကျမှ ထတဲ့ကိုယ့်အတွက်တော့ .................။



အဲဒါနဲ့ အိုကေပါတယ်လေဆိုပြီး။ သော့ကိုလှမ်းယူလိုက်တော့ သူပေးတာ သော့က အတွဲကြီး သုံးတွဲရယ်။ ပင်မတံခါးကို ဖွင့်ကြည့်တော့ ၃ တွဲစလုံးတစ်ချောင်းမှမကိုက်။ နောက်... ရေချိုးခန်း အိမ်သာ။ အိမ်နောက်တံခါး တစ်ခုမှ မကိုက်။ "သားတို့အားတဲ့နေ့ပြောပါတဲ့။ သော့သမားနဲ့ချိတ်ပြီး လာပြင်မလို့တဲ့"။



စိတ်ထဲမှ ပြောနေမိသောစကားများမှာ... "အန်တီရယ် အန်တီလုပ်ချင်တဲ့အချိန် အန်တီ့ဘက် အန်တီကြည့်ပြီး လျှောက်လုပ်နေတာပဲ သားတို့ပြောခဲ့တုန်းက ဂရုမစိုက်တဲ့အပြင် ရန်ပါပြန်တွေ့ခဲ့တာလေ။ အခုမှ ဘယ်လိုဖြစ်တာလဲ"။



ဒီသော့ကိစ္စကို ကြုံတုန်းလေး ပြောပြထားချင်ပါသေးတယ်။ အိမ်စငှားတော့ ကိုယ်က ဘိတ်မှာ။ သူငယ်ချင်းအဒေါ်အိမ်အကျိုးဆောင်က ကူညီငှားပေးတာ။ စာချုပ်ချုပ်တော့လဲ အဲလိုပဲ သူတို့ အကုန်လုပ်ထားပေးတာ။ ကိုယ်နဲ့ မတွေ့ဖြစ်လိုက်ဘူး။ ရန်ကုန်ပြန်ရောက်တော့ သူငယ်ချင်းက အိမ်သော့လေးတစ်ချောင်းလာပေးတယ်။ သူ့ကျေးဇူးတွေလဲ အများသား။ "သော့ကတစ်ချောင်းပဲပေးတယ်ဆရာ"တဲ့။ "ဟင် ဘာဖြစ်လို့လဲ"ဆိုတော့။ "အတိအကျတော့မသိဘူး"တဲ့ ဒါပေမယ့် "အရင်အိမ်ငှားကောင်လေးက သော့ဖျောက်မိသွားလို"့ပြောတယ်။ အေးလေ။ တစ်ယောက်တည်းနေမှာဆိုတော့ အရေးမကြီးပါဘူး။ နှစ်ယောက်ဖြစ်လာတော့ အဆင်မပြေ။ ဒါနဲ့ ဆိုလို solo သော့အိမ်နဲ့ သော့ ၄ ချောင်းပါတာလေး ဝယ်ထားလိုက်တယ်။ အမျိုးသမီးကတစ်ချောင်း။ ကိုယ့်က တစ်ချောင်း။ ကျန်နှစ်ချောင်းကို ဘုရားဆောင်ပေါ်အပ်ထားလိုက်တယ်။



ဇာတ်လမ်းက ဒီလို.... ရေမီတာခက တစ်လ ၄ ထောင်ပေးရတာ။ အဲဒါလေး ပေးစရာရှိလို့ သူတို့ကို သွားပေးတော့ သူတို့က အဆင်ပြေကြလား ဘာညာမေးကြတယ်။ "အားလုံးအဆင်ပြေပါတယ်လို့ ။ ဒါပေမယ့် သော့လေးတွေရှိရင်တော့ မီးရေးတို့ ဘာတို့ တစ်ခုခုဆို emergency ladder အနောက်လှေခါးလေး သုံးလို့ရတာပေါ့လို့"။ အဲလိုလဲ ပြောရော့ ဘာပြောတယ်မှတ်လဲ "ကိစ္စမရှိဘူး သော့သမားခေါ်ဖျက်လိုက်ပါ"တဲ့။ "အရင်ကောင်လေးက သော့တွေ ဖျောက်သွားလို့"ပါတဲ့။ ကိုယ်ကလဲ အတွန့်လေး တက်လိုက်ရမှ "အန်တီတို့က သားတို့အိမ်ငှားပြီးကတည်းက သော့တွေလဲ စုံအောင်မပေးဘူးလို့" ပြောလိုက်တာ။ သူ့အစ်မက လာပြီး "အိုင်စိုးအန်းဂရီး ဟေး စစ်စတား ယူ့နီတူ ဒီစိုက်။ အိုင်စိုးအန်းဂရီတွေ" ထပြောပါလေရော။ ကိုယ်ကလဲ အင်္ဂလိပ်လို သိပ်နားမည်ဘူးမလား(ရွှဲ့ပြောတာ) ဘာမှနားမည်လိုက်ဘူး။" ပြန်ပါဦးမယ်လို"့ပြောပြီး ထထွက်လာလိုက်တယ်။



နောက် အိမ်ကို ၆ လထပ်ချုပ်တော့ တစ်ခါထပ်သွားရတယ်။ သော့တွေပြတယ်။ "မလိုတော့ဘူးလို့။ နေသားကျနေပြီလို့" ပြောလိုက်တယ်။အခု နှစ်လထပ်ကြာတော့ အိမ်ကိုရောက်လာတယ်။ နောက်ဆုံးတော့ ဒီနေ့ တစ်နေ့လုံးခေါင်းကိုက်ရတော့မယ်လေ။..............အိပ်ရေးမဝရင် ခေါင်းကိုက်တတ်တာ ကိုယ့်အကျင့်ကိုး...............................................

Comments