ကွန်ပျူတာတွေအတွက် သင့်တော်တဲ့ ဇော်ဂျီနဲ့ယူနီ အော်တို ကော်ဗာတာ

မြန်မာဖောင့်တူး(လ်)

မြန်မာစာအတွက် အကူးအပြောင်းကာလ ဖြစ်သည့်ယခုအချိန်တွင် 
  • ဇော်ဂျီလော
  • ယူနီလော
ထိုသို့သော သို့လောတို့ဖြင့် ရွေးချယ်ရခက်လိမ့်မည်ဖြစ်သည်

သို့သော် ချက်ချင်းပြောင်းလဲရန်မှာ.......
  • တစ်ခုမှ တစ်ခုသို့ 
  • တစ်နေရာမှ တစ်နေရာသို့ 
  • ချက်ချင်းပြောင်းလဲရန်မှာ လွယ်ကူလှသည်တော့မဟုတ်ပါ
  • အချိန်အတိုင်းအတာ တစ်ခုယူရမည်ဖြစ်သည်
ယင်းအချိန်တွင် ထိုဆောင်းပါးမှ အုတ်တစ်ချပ် သဲတစ်ပွင့် ကောက်ရိုးတမျှင်ပင်ဖြစ်လျှင် ရေးရကြိုးနပ်ပါပြီ

ဒီဆောင်းပါမှာတော့ အင်တာနက်သုံးသူတွေအတွက် ပိုမိုအထောက်အကူဖြစ်စေမည် ဖြစ်သည်

  • မိမိက အင်တာနက်ကိုလဲ အသုံးပြုနေသည်
  • ဖေ့စ်ဘုတ်ကိုလဲ အသုံးပြုနေတယ် 
မိတ်ဆွေထဲမှာလဲ မြန်မာစာ စနစ်နှစ်မျိုးဖြစ်သည့် ဇော်ဂျီနဲ့ ယူနီကုဒ် နှစ်ခုစလုံးကို အသုံးပြုနေရသည်ဆိုလျှင်
အခုညွှန်ပြပေးမယ့် google extension လေးကို အသုံးပြုရသည့် အတွေ့အကြုံကို မျှဝေသွားမည်ဖြစ်သည်

အသုံးပြုပုံ

  • အထက်ပါ မြန်မာဖောင့်တူး(လ်)ကိုနှိပ်ပြီး ဖွင့်ပါ Figure 1.1
  • Add to Chrome ကို နှိပ်ပါ Figure 1.2
  • Add Extension ကို နှိပ်ပါ Figure 1.2
Figure 1.1

Figure 1.2

အခုဆိုလျှင် မိမိ အင်တာနက် ဘရောင်ဇာတွင် ထည့်သွင်းပြီးဖြစ်ပါတယ်
မြန်မာစာကို ကိုမှန်ကန်စွာ ဖတ်ရှုနိုင်ပါပြီ 

အဆင်ပြေကြပါစေဟု ဆန္ဒပြုပါသည်

ဆက်စပ်ဆောင်းပါးများ
  • အင်တာနက်ပေါ်တွင် မြန်မာစာမှန်ကန်စွာ အသုံးပြုနည်း
  • မြန်မာဖောင့်အလှကို အင်တာနက်ဘရောင်ဇာတွင် အသုံးပြုခြင်း
  • မြန်မာဖောင့်အကြောင်းတစေ့တစောင်း

Comments