ဖုန်းနံပါတ်မှတ်ထားတာတွေကို ယူနီကုဒ်ပြောင်းကြမယ်
ဖုန်းနံပါတ်ကို နာမည်လေးတွေနဲ့မှတ်တတ်ကြတယ် ကျွန်တော်အပါအဝင်ပေါ့
ဇော်ဂျီဖောင့် ခေတ်ဆန်းချိန်မှာ အဲဒါကိုပဲ သုံးပြီး ပိုင်ပိုင်နိုင်နိုင် မှတ်ထားတာတွေကို
ပြောင်းလဲဖို့ အချိန်ကာလ တစ်ခုရောက်လာပြီမို့
မဖြစ်မနေပြောင်းရတော့မှာပါ
ကိုယ့်ရဲ့ အရေးကြီးတဲ့ ဖုန်းနံပါတ်စာရင်းလေးတွေကို
အလွယ်တကူပြောင်းနိုင်ဖို့ လိုက်လုပ်ကြည့်လိုက်ပါ
ယူနီကုဒ်ပြောင်းလဲဖို့ အောက်က အဆင့်များအတိုင်းလုပ်ပါ
- mmUnicodeToolKit ကိုဒေါင်းလုပ် ပြုလုပ်ပါ
- အသိပေးချက် ပေါ်လာပါလိမ့်မယ်
- ဟုတ်ပြီကို နှိပ်ပါ
- ပြောင်းရွေ့ရန်ရဲ့အောက်မှာ (အသံဖိုင်များ)၊ ဘာညာ အများကြီးရှိပါတယ်
- ဖုန်းအဆက်အသွယ်များကိုရွေးချယ်ပါ
- အသိပေးချက် တစ်ခုတက်လာပါမယ်
- ဆက်လုပ်ပါကိုရွေးပါ
- သတိပြုရန် ထပ်ပေါ်လာပါလိမ့်မယ်
- စလုပ်မည်ကိုရွေးလိုက်ပါ
အဆင်ပြေကြပါစေ
Comments
Post a Comment